Tuesday, July 24, 2012

ဒီမိုကရေစီဆိုတာ

ဒီမိုကရေစီ ဆိုသည်မှာ အများက ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များ ဖြင့် ဖွဲ့ စည်းထားသော ကိုယ်စားပြုအစိုးရစနစ်ကို ခေါ်ဆိုခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင် ပါသည်။

ကိုယ်စားပြု ကိုယ်စားလှယ်
ကိုစားပြုကိုစားလှယ်များသည် ပြည်သူများ၏ ကောင်းရာကောင်းကျိုးကို လုပ်ဆောင်ရုံတင်မဟုတ်ဘဲ မိမိကိုယ်တိုင် ဦးနှောက်နဲ့ဆုံးဖြတ် လုပ်ကိုင်တတ်ရပါ သည်။ မဲဆန္ဒရှင်များအနေနှင့်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ် လိုက်သည်နှင့်တပြိုင်နက်တည်း ဥပဒေရေးရာနှင့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များ သည် မဲဆန္ဒရှင်များ၏ ကိစ္စ မဟုတ်တော့ဘဲ လွှတ်တော်ကိုယ်စားလှယ်၏ ကိစ္စသာ ဖြစ်သည်ကို သိရှိထားဖို့ လိုပါသည်။ ထိုကိုယ်စားပြုကိုယ်စားလှယ်၏ လုပ်ဆောင် ချက်ကို ပြည်သူများမကြိုက်ပါက နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် မဲမပေးခြင်း ဖြင့်သာ ထို ကိုယ်စားပြုကိုယ်စားလှယ်ကို ဖြုတ်ချနိုင်သည်။

ဒီမိုကရေစီ၏ အားသာချက်
- နိုင်ငံသားတိုင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်ပါက
  ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း။
- အဓိကကျသော အစိုးရအဖွဲ့ ၏ ရာထူးနေရာများကို ခန့်အပ်ခြင်းမဟုတ်ဘဲ
  အများပြည်သူများ၏ မဲဖြင့် ရွေးချယ်တင်မြှောက်ခြင်း။
- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိခြင်း။
- လွတ်လပ်သော သတင်းမီဒီယာများရှိခြင်း။
- အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် တရားဝင်သတင်း အချက်
  အလက်များကို သက်ဆိုင်ရာဌာနများတွင် လူထုက တောင်ဆိုကြည့်ရှုနိုင်ခြင်း။
-နိုင်ငံသားများအား လွတ်လပ်စွာ အသင်းအဖွဲ့ များ ထူထောင်ခွင့်ပြုထားခြင်း။

အစရှိသည်တို့သည် ဒီမိုကရေစီ၏ အားသာချက်ဖြစ်သည်။


ဒီမိုကရေစီတွင် တားမြစ်ထားသည့် ဥပဒေ
- နိုင်ငံတော် ငွေစက္ကူကို နိုင်ငံတော် ဗဟိုဘဏ်မှ သာထုတ်ခွင့်ရှိသည်။
- နိုင်ငံတော်တွင် ပြဌာန်းထားသော ဥပဒေကို လွှတ်တော်မှတပါး အခြားသူများ
  ပြင်ဆင်နိုင်ခွင့်မရှိခြင်း။
- နိုင်ငံတော်ကာကွယ်ရေးအတွက် ထားရှိသည့် စစ်တပ်မှတစ်ပါး အခြား မည်သည့်
  လက်နက်ကိုင်အဖွဲ့ အစည်းများမရှိရခြင်း။
- တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်မှ တာဝန်ပေးအပ်ထားသည့်
  တရားသူကြီးများမှတပါး အခြားမည်သည့် အသင်းအဖွဲ့ ကမှ အပြစ်ပေးနိုင်ခြင်း
  မရှိ။
အစရှိသော ဥပဒေများဖြင့် ပြည်သူကို အကာအကွယ်ပေးထားသည်။ နိုင်ငံတော်၏ စည်းလုံးမှုကို အကာအကွယ်ပေးထားသည်။


မှတ်ချက်။ ။ ယခုဖေါ်ပြထားသည့် အကြောင်းအရာများသည် နိုင်ငံရေးအရ ရေးသားထားသည့် စာများမဟုတ်ပါ ... ဒီမိုကရေစီကို မသိသူများ ဗဟုသုတ ရရှိနိုင်စေရန်အတွက်
ရေးသားထားခြင်းဖြစ်သည်။ နိုင်ငံတစ်ခု တိုးတက်သည် ဆုတ်ယုတ်သည်၊ ကောင်းသည် ဆိုးသည်မှာ စနစ်များနှင့် မသက်ဆိုင်ပါ လူများနှင့်သာ သက်ဆိုင်ပါသည်။

No comments:

Post a Comment